မူလအစ စာရွက်စာတမ်းများ ဆက်သွယ်ရန် အကြံပြုချက်ရေးသားရန် http://www.estatemm.com
 
eStatemm.com Local News
 
 
  မြို့မရုပ်ရှင်ရုံအပေါ်ထပ်မှာ မြေကွက်တွေဈေးချရောင်း  
     
 

တစ်လကို နှစ်သိန်းကျော် သွင်းရုံနဲ့ အရစ်ကျ ဝယ်ယူနိုင်

ရန်ကုန်၊ မတ် ၇- ဒီဇင်ဘာ ဆောက်လုပ်ရေးက တောင်ဒဂုံမှာရှိတဲ့ ၆၄ ပေx ၄၆ ပေ မြေကွက်တွေကို ပရိုမိုးရှင်းကာလ တစ်လ သတ်မှတ်ပြီး ၁၈ လ အရစ်ကျ ငွေချေစနစ်နဲ့ တတိယအကြိမ် ရောင်းချပါတယ်။

အရောင်းဌာနက ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၆ လမ်းထောင့်၊ တန်းမြင့်မြို့မ ရုပ်ရှင်ရုံ အပေါ်ဆုံးထပ်မှာပါ။ မြို့မ ရုပ်ရှင်ရုံဝင်ပေါက်လှေကားကပဲ တက်သွာရပါတယ်။ ဒီဇင်ဘာ ဥယျာဉ်မြို့တော်က မြေကွက်တွေကို ရောင်းချတာပါ။ မြေကွက်တွေက တောင်ဒဂုံမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် ၂ လမ်းမကြီးနဲ့ သန်လျင်တံတား အမှတ် ၇၊ မဟာမြို့ပတ်လမ်းဆုံမှာ တည်ရှိတယ်။ ရန်ကုန်ကသွားရင် စီးပွားရေးတက္ကသိုလ်၊ ထွန်းကင်ဆာ ဖောင်ဒေးရှင်းတို့ အလွန် ညာဘက်ခြမ်းမှာပါ။ ပရိုမိုးရှင်းတို့ကာလ အခုမတ်လ ၁ဝ ရက်ကနေ ဧပြီလ ၁ဝ ရက်အထိဖြစ်တယ်။ အခုတတိယ အကြိမ်ရောင်းချမယ့် မြေကွက် စုစုပေါင်း အကွက် ၁ဝဝ လောက် လျာထားကြောင်းသိရပါတယ်။

ဈေးနှုန်းက တစ်ပေပတ်လည်ကို ကျပ် ၁၅ဝဝ ပါ။ ၆၄ ပေ x ၄၆ ပေ တစ်ကွက်ကို ကျပ် ၄၄ သိန်းကျသင့်တယ်။ ၁၈ လ (တစ်နှစ်ခွဲ) အရစ်ကျ ပေးချေနိုင်တာကြောင့် တစ်လကို ကျပ်နှစ်သိန်းကျော်သာ ကျသင့်မယ်လို့ ဆိုတယ်။ လက်ငင်းငွေအကျေပေးချေရင် တစ်ဆယ်ရာခိုင်နှုန်းလျော့မှာ ဖြစ်တယ်။ နှစ် ၆ဝ ဂရမ်၊ ဝယ်ခွန်ကိုကုမ္ပဏီက ကျခံမှာပါ။ ဒီဇင်ဘာဆောက်လုပ်ရေးကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်က "က္ဆွန်တော်တို့ မြေကွက်တွေကို အပြင်ပေါက်ဈေးထက် တစ်ဝက်လောက်အထိ ဈေးချပြီး ရောင်းတာပါ၊ ဝယ်သူတွေ စိတ်ချရအောင် မြေကွက်အတွက် ပေးစရာရှိတာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို အကုန်ပေးထားပြီးသားပါ။ ၁၈ လ ငွေကျေပြီဆိုတာနဲ့ ဂရမ်အပ်မှာဖြစ်တယ်" လို့ ပြောတယ်။

မြေကွက်တွေကို ဘာလို့ဈေးလျှော့ရောင်းတာလဲလို့မေးတော့ "အခု ရောင်းတာတွေက ကုမ္ပဏီအတွက် အမြတ်မရှိပါဘူး၊ ဒါပေမဲ့ ငွေနည်းနည်းနဲ့ ဝယ်နိုင်အောင်၊ ချက်ချင်းပေးစရာ လက်ထဲမှာ ငွေမရှိလဲ အဆင်ပြေအောင် ၁၈ လ အရစ်ကျနဲ့ ရောင်းပေးတယ်၊ ဒီဥယျာဉ်မြို့တော်ကြီး ဖွံ့ဖြိုးလာပြီဆိုရင် နောက်ထပ် ထပ်ရောင်းတဲ့အခါကျမှ အမြတ်ရဖို့ စဉ်းစာတယ်" လို့ ဦးသက်လွင်က ဖြေပါတယ်။

အခုအခါ ဒီဇင်ဘာဥယျာဉ်မြို့တော်မှာ လျှပ်စစ်မီးရရှိနေပြီး ကန်ကရစ်လမ်းများ ခင်းနေပြီလို့ ဆိုတယ်။ မြေကွက်ဝယ်ယူပြီး ငွေအကျေချေပြီးတာနဲ့ ဝယ်သူစိတ်ကြိုက် အိမ်ဆောက်ခွင့် ရှိတယ်။ ကုမ္ပဏီကိုအပ်ရင်လည်း ကုမ္ပဏီက အရစ်ကျစနစ်နဲ့ ဆောက်လုပ်ပေးမှာဖြစ်တယ်။ ဒီဇင်ဘာဥယျာဉ်မြို့တော်ရဲ့ ရှေ့စီမံကိန်းတွေထဲမှာ စာသင်ကျောင်း၊ ဆေးရုံတွေလည်း ပါဝင်တယ်။ ဒီဇင်ဘာ ဥယျာဉ်မြို့တော်ဟာ ဧက ၄ဝဝ ဝန်းကျင်မှာ ဧက ၁၅ဝ က စက်မှုဇုန်အတွက်၊ ဧက ၁ဝဝ က အိမ်ရာတွေအတွက်ဖြစ်ပြီး ဧက ၅ဝ က လမ်းဧရိယာဖြစ်တယ်။ အခုအခါ စက်မှုဇုန်မြေကွက်တွေကိုလည်း တစ်ဧကကို ကျပ်သိန်း ၂ဝဝ နဲ့ ရောင်းချတယ်။ အရစ်ကျ ၁၈ လသွင်းနဲ့ ဝယ်လို့လည်း ရပါတယ်။

ဒီဇင်ဘာ ဥယျာဉ်မြို့တော်မှာ လက်ရှိသုံးလွှာတိုက်ခန်းတွေလည်း ရှိနေပြီး နေထိုင်သူတွေလည်း နေနေကြပြီလို့ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်က ပြောတယ်။ နောက်ထပ် မြေကွက်တွေကိုလည်း ဆဋ္ဌမ၊ သတ္တမအကြိမ်အထိ ရောင်းချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုတယ်။ မြေကွက်ဝယ်ယူသူတွေဟာ ငွေအကျေ ချေပြီးတာနဲ့ ပြန်ရောင်းချရင်လည်း စိတ်ကြိုက်ပြန်ရောင်းခွင့်ရှိမယ်လို့ သိရပါတယ်။

ဆန်းငြိမ်းသော်




-
 
  San Nyein Thaw  
  ၂ဝ.၄.၂ဝဝ၅  
 
     
   မူလအစ  |  အကျိုးဆောင်များ  |  ကူးယူရန်  |  အညွှန်း  |  ဆက်သွယ်ရန်  |  အကြံပြုချက်ရေးသားရန်    

Copyright by e Trade Myanmar Co.,Ltd.