မူလအစ စာရွက်စာတမ်းများ ဆက်သွယ်ရန် အကြံပြုချက်ရေးသားရန် http://www.estatemm.com
 
eStatemm.com Local News
 
 
  တိုင်ခန်းနဲ့ မြေကွက်အချို့ အရောင်းအဝယ်ဖြစ်  
     
 

တိုင်ခန်းနဲ့ မြေကွက်အချို့ အရောင်းအဝယ်ဖြစ်

ရန်ကုန်၊ မတ် ၁ဝ - ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ သိန်း ၇ဝ ကနေ ၁၅ဝ ကြားတိုက်ခန်းတချို့နဲ့ သိန်း ၃ဝဝ နဲ့ ၅ဝဝ ကြား မြေကွက်တချို့သည် ရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်သွားကြောင်း သိရသည်။
"တာမွေ၊ အလုံ၊ စမ်းချောင်း၊ မရမ်းကုန်းမြို့နယ်တွေက သိန်း ၇ဝ ကနေ ၁၅ဝ တန် အပေါ်လွှာ တိုက်ခန်းတွေပါ။ ရှစ်မိုင်လမ်းဆုံ မြိုင်ဟေဝန် တိုင်ခန်းက လေးလွှာ၊ စတုရန်းပေ ၇၅ဝ အကျယ်တိုက်ခန်းကို သိန်း ၁၅ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ယူနီတီ အိမ်ခြံမြေကုမ္ပဏီထံမှ သိရတယ်။"
ကွန်ဒိုတိုက်ခန်းတချို့လည်း အရောင်းအဝယ်ဖြစ်တယ်။ ရွှေဂုံတိုင် ကွန်ဒိုတစ်ခုက စတုရန်းပေ ၁၆၅ဝ အကျယ်ပြင်ဆင်ပြီး ကိုးလွှာ အခန်းတစ်ခန်းကို သိန်း ၄၈ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုတယ်။ ရွှေကန်မြေဦးသိန်းထွန်းက "နေရာကို အဓိကထားသူတွေကျတော့လဲ ဈေးနည်းနည်း များပေမဲ့လဲ ဝယ်ကြတာပဲ၊ သိန်း ၄၈ဝ နဲ့ ရောင်းလိုက်တဲ့ ကွန်ဒိုကတော့ ပြင်ဆင်ပြီး ပီအေဘီအိတ်စ် ဖုန်း ပါတယ်"ဟု ပြောသည်။
သင်္ကန်းက္ဆွန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ မရမ်းကုန်းမြို့နယ်တွေက သိန်း ၃ဝဝ ကနေ ၅ဝဝ တန် မြေကွက်အချို့သည် ရက်ပိုင်းအတွင်း အရောင်းအဝယ် လှုပ်လာတယ်။ ပေ ၄ဝ x ပေ ၆ဝ အကွက်တွေပါ။ တောင်ဥက္ကလာ ၃ ရက်ကွက်၊ ၉ လမ်းထဲက မြေတစ်ကွက် သိန်း ၃၅ဝ နဲ့ အရောင်းအဝယ် တည့်ပါတယ်။ အခုအခါ မြေကွက်ဈေးနှုန်းတွေ သုံးပုံတစ်ပုံခန့် ကျဆင်းတယ်။ သိန်းထောင်ကျော် မြေကွက်တွေတော့ အရောင်းအဝယ် သိပ်ဖြစ်တာ မတွေ့ရပါဘူး။ တာမွေ၊ အေးသာယာလမ်း၊ ဘောက်ထော်ဘက်မှာ ဝ.၃ ဧကကျော် မြေကွက်ဟာ သိန်း ၂၅ဝဝ ဝန်းကျင် ပေါက်ဈေးပါ။ ဘောက်ထော်ဘက်မှာပဲ တစ်ပေပတ်လည်ကို ကျပ် ၁ဝ,ဝဝဝ ဝန်းကျင်နှုန်းနဲ့ ပေ ၇ဝx ပေ ၁၃ဝ အကွက်တချို့ ကြိုကြားအရောင်းအဝယ်ဖြစ်ကြောင်း သိရတယ်။ တောင်ဥက္ကလာ ငွေကြာရံဘက်မှာ သိန်း ၃ဝဝ နဲ့ ၅ဝဝ ကြား မြေကွက်အဝယ်အတွက် မေးတာလေးတွေတော့ ရှိတယ်လို့ ရွှေကန်းမြေ ဦးသိန်းထွန်းက ပြောတယ်။
လုံးချင်းနဲ့ တိုင်ခန်းအငှားလေးတွေတော့ ပုံမှန်ဖြစ်နေတာ တွေ့ရတယ်။ မီးမှန်တဲ့ မရမ်းကုန်းလိုနေရာမျိုးက ခုနစ်လွှတိုက်ခန်းငှားခ တစ်လကို ကျပ် ၄၅,ဝဝဝ ရှိတယ်။ ကျောက်တံတားမြို့နယ်က ပထမထပ်၊ ၁၂ ပေခွဲ x ပေ ၅ဝ တိုင်ခန်းကို တစ်လကျပ် ၉ဝ,ဝဝဝ နဲ့ အငှားဖြစ်တယ်။ မြေညီ တိုက်ခန်းအငှားတွေကတော့ မရမ်းကုန်းလို လမ်းမတန်း၊ ၁၅ ပေ x ပေ ၅ဝ မြေညီဟာ တစ်လ သုံးသိန်းဝန်းကျင်ရှိတယ်။ စီးပွားရေးလိုပ်ဖို့၊ ရုံးခန်းဖွင့်ဖို့ ငှားကြတာပါ။ လုံးချင်းအငှားကတော့ ဖြစ်တယ်ဆိုရုံပဲလို့ ဆိုပါတယ်။ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်းဘက်တွေ၊ အင်းစိန်ဗဟိုလမ်းဘက်တွေမှာ လုံးချင်းအငှား တစ်လကို နှစ်သိန်းခွဲကနေ ငါးသိန်းဝန်းကျင် ပေါက်ဈေးပါ။ ရွှေကန်မြေဦးသိန်းထွန်းက "အခု အိမ်ခြံမြေဈေးကွက်က အေးနေတုန်းပဲဆိုပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ်ပါ။ ဝယ်လို့ကောင်းတဲ့ အချိန်ပါပဲ" လို့ ထင်ချက်ပေးတယ်။ ယူနီတီ ကိုဇော်ဇော်ကလည်း "ဝယ်သူ့ ဈေးကွက်ဖြစ်နေတာပါ၊ ဝယ်သူစိတ်ကြိုက်ဝယ်လို့ရတယ်၊ ၂၅ဝဝ အော်လဲ ဝယ်သူက ၁၅ဝဝ ပေးမယ်ဆို ရောင်းတာပဲ၊ ငွေလိုနေတာလေ" လို့ သုံးသပ်ပြပါတယ်။

ဆန်းငြိမ်းသော်




Text-2
 
  San Nyein Thaw  
  ၂၂.၄.၂ဝဝ၅  
 
     
   မူလအစ  |  အကျိုးဆောင်များ  |  ကူးယူရန်  |  အညွှန်း  |  ဆက်သွယ်ရန်  |  အကြံပြုချက်ရေးသားရန်    

Copyright by e Trade Myanmar Co.,Ltd.