|
|
| |
|
|
| |
| |
အိမ်ဝယ်သူများအတွက် စနစ်သစ်စတင် |
|
| |
|
|
| |
အိမ်တန်ဖိုး ၂ဝ ရာခိုင်နှုန်းသွင်းပြီးပါက တက်နေခွင့်နှင့် ပြင်ခွင့်ရှိ
အိမ်အရောင်းအဝယ်ဈေးကွက်တွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ကျင့်သုံးလျက်ရှိသည့် Refinance စနစ်ကို ယခုအခါ ချမ်းသာဆောက်လုပ်ရေးက ပထမဦးဆုံး စတင်ကျင့်သုံးပြီဖြစ်ကြောင်း သိရသည်။ Refinance စနစ်ဆိုသည်မှာ အစိုးရ၊ ပုဂ္ဂလိက မည်သည့်ဌာနတွင်မဆို တာဝန်ထမ်းဆောင် နေပါက မိမိ၏အကြီးအကဲ ထောက်ခံချက်ဖြင့် နေထိုင်လိုသည့်အိမ်ကို ဝယ်ယူနိုင်သည့်စနစ်ဖြစ်ကြောင်း ယေဘုယျသိရသည်။
အိမ်၊ ခြံ၊ မြေရောင်းဝယ်ရေးလုပ်ငန်းများတွင် အရစ်ကျ ငွေပေးချေသည့်စနစ်ဖြင့် အရောင်းအဝယ်လုပ်ကြသော်လည်း ငွေပေးချေပြီးမှသာ မိမိဝယ်သော အိမ်၊ ခြံ၊ မြေများကို ပိုင်ဆိုင်နိုင်ကြသည့်စနစ်မှ ယခုအခါ မိမိဝယ်ယူပြီးသော အိမ်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းကို ဝယ်ယူသည့်နေရာတွင် ပေးချေပြီးပါက ဝယ်ယူထားသောအိမ်ပေါ်တွင် နေထိုင်နိုင်ပြီး ပြင်ဆင်ခွင့်ပါရသည့် အခွင့်အလမ်းများရရှိပြီးဖြစ်ကြောင်း ချမ်းသာဆောက်လုပ်ရေး၏ ဒါရိုက်တာ ဦးနေမျိုးနိုင်ကဆိုသည်။ အိမ်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းပေးထားပြီး ကျန်ရှိသော ၈ဝ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းရှင်ဘက်မှ စိုက်ထုတ်ပေးထားကာ ဝယ်ပြီး ၁၆ လကြာသည့်အထိ ကျန်သည့်ငွေကို လစဉ်အလိုက်ပေးသွား၍ရပြီး ၁၆ လကျော်သည့်တိုင် ငွေမကျေသေးပါက ကျန်ငွေကိုဘဏ်တိုးနှုန်းပေး၍ သုံးနှစ်ကာလအတွင်း ပေးချေနိုင်ကြောင်း သိရသည်။
အဆိုပါဆောက်လုပ်ရေးမှ Refinance စနစ်ဖြင့် ရောင်းချပေးသည့် အိမ်များမှာ ကြည့်မြင်တိုင်ရှိ ဟံသာရိပ်မွန်အိမ်ရာ၊ အင်းစိန်လမ်းမပေါ်ရှိ လှိုင်ရတနာအိမ်ရာနှင့် ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ အရှေ့ပြည်သာရိပ်မွန်အိမ်ရာ များတွင်ရှိသည်။ လုံးချင်းနှင့် နှစ်ခန်းတွဲတိုက်ခန်းများဖြစ်ကြောင်း သိရသည်။ ဟံသာရိပ်မွန်နှင့် လှိုင်ရတနာအိမ်ရာများရှိ နှစ်ထပ်လုံးချုင်းများမှာ စတုရန်းပေ ၂ဝဝဝ ကျော်ရှိပြီး အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ဘုရားခန်း၊ ရေချိုးခန်း၊ အိမ်သာအပါအဝင် ကိုယ်ပိုင်အဝီစိ၊ ကိုယ်ပိုင်မီတာ၊ မီးအားဖြည့်ရန် ထရန်စဖော်မာစသည့် ဝန်ဆောင်မှုများပါဝင်ကာ အမြတ်ခွန်များကို ဆောက်လုပ်ရေးက တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။ ဒဂုံအရှေ့ပိုင်းရှိ လုံးချင်းများမှာ စတုရန်းပေ ၂၈ဝဝ ကျော်ရှိပြီး တည်ဆောက်ပြီး လုံးချင်းအိမ် ၄၂ လုံးရှိကာ Shop House များကိုပါ ထည့်သွင်းဆောက်လုပ်ထားသည်။ Shop House များကို သိန်း ၁ဝဝ၊ သိန်း ၈ဝ၊ သိန်း ၆ဝ စသည့်ဖြင့် သုံးမျိုးခွဲထားသည်ဟု ဆိုသည်။ နှစ်ခန်းတွဲတိုက်ခန်းများကိုမူ ကျပ်သိန်း ၂၄ဝ သတ်မှတ်ထားကြောင်း သိရသည်။
- |
|
| |
Pyi Myanmar |
|
| |
၁၂.၅.၂ဝဝ၅ |
|
|
|
| |
|
|
|
|