| ပုံစံအသစ်ဖြင့်အလုပ်ဖြစ်နေကြသော
မြောက်ဒဂုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်
အိမ်ဝယ်လိုသော်လည်း ငွေမမှီသူများနှင့် အရင်းအနှီး လုပ်လိုသူများအကြားမှာ
အလုပ်ဖြစ်အောင် ပုံစံတစ်မျိုးနှင့် အကျိုးဆောင်ပေးနေကြောင်း ဟိန်းထက်စိုး အိမ်၊
ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်ယဉ်လှက ပြောပြတယ်။
သိန်းငါးဆယ်တန်ဖိုးရှိတဲ့အိမ်ကို အိမ်ဝယ်လိုသူဆီမှာ နှစ်ဆယ့်ငါးသိန်းနဲ့
ပေါင်နှံတာပါ။ အတိုးကခြောက်ကျပ်တိုးပါ။ ခြောက်လအတွင်းရေးရမယ်။ မရွေးနိုင်ရင်
အဆုံးပေါ့။ ပွဲခက အတိုးတစ်လစာဖြစ်ပါတယ်။ ပွဲခနဲ့အပေါင်ခံသူရမယ့် အတိုးတစ်လစာကို
တစ်ခါတည်းနှုတ်ပြီး ကျန်ငွေကို အိမ်ရှင်ကိုပေးရမှာပါ။ နှစ်ဆယ့်ငါးသိန်းနဲ့
ပေါင်တဲ့အိမ်အတွက် အတိုးခြောက်ကျပ်တိုးဆိုတော့ တစ်လကို အတိုးတစ်သိန်းခွဲ ဖြစ်ပါတယ်။
ပွဲခနဲ့အတိုးပေါင်း သုံးသိန်းနှုတ်ပြီး ကျန်နှစ်ဆယ့်နှစ်သိန်း ကို အိမ်ရှင်က
ရမှာဖြစ်ပါတယ်။ ပေါင်ထားတဲ့ခြောက်လအတွင်းမှာ အိမ်ရှင်ကဆင်းပေးရပြီး တခြားနေရာမှာ
နေရမှာပါ။ အပေါင်ခံသူကတော့ ကိုယ်တိုင် နေချင်နေ၊ အငှားတင်ထားချင်တင်ထား ရပါတယ်။
အိမ်ပေါင်လိုပေမယ့် အိမ်ပေါ်မှမဆင်းချင်ရင်တော့ တခြားနေရာတွေမှာလိုပဲ
ဂရမ်ပေးပြီးပေါင်လို့လည်း ရပါတယ်။ ပေါက်ဈေးကတော့ သိန်းငါးဆယ်တန်အိမ်ကို ဆယ်သိန်းပါ။
ပွဲခကတော့ အတိုးတစ်လစာ ဖြစ်ပါတယ်။ အပေါင်ခံသူက အတိုးတစ်လစာ တစ်ခါတည်း နှုတ်ယူထားမှာ
ဖြစ်ပါတယ်။
'အများအားဖြင့်တော့ ပြန်မရွေးနိုင်ကြတာများပါတယ်။ စကတည်းက အဆင်မပြေလို့
ပေါင်တာကိုး၊ လုပ်ငန်းလေးရင်းလို့မြတ်ရင်တော့ အဆင်ပြေကြပါတယ်'လို့ ဒေါ်ယဉ်လှက
ပြောပြပါသည်။ မြောက်ဒဂုံမှာ နိုဝင်ဘာလဆန်းကတည်းက အရောင်းအဝယ်
မရှိသလောက်နည်းပါးသွားပြီး အငှားလောက်သာ ပုံမှန်ရှိနေပါတယ်လို့ သိရပါတယ်။
Ref: ယုံကြည်မှုသတင်းဂျာနယ်
- |